Friday, January 4, 2013

ဒဒွေး ဓအုတ်ချိုင့် မပေါ်သော အခြားဆော့ဝဲများတွင် ရှာနည်း

မည်သည့်ဆော့ဝဲတွင်မဆို ဒဒွေး ဒအုတ်ချိုင့် မပေါ်လျှင်
adobe ဆော့ဝဲများတွင် Ctrl+K နှိပ်ပြီး ပေါ်လာသော dialogbox တွင် '   " သင်္ကေံတများပါသော စာကြောင်းတွင် အမှန်ခြစ်ဖြုတ်ပေးပါက ရနိုင်ပါသည်။ အချို့သော ဆော့ဝဲများတွင် မီနူးတစ်ခုခုမှ option တွင် ရှိတတ်ပါသည်။

Page Maker တွင် ဒဒွေး၊ ဓအုတ်ချိုင့် မပေါ်လျှင် ပြုလုပ်နည်း



Page Maker တွင် ဒဒွေး၊ ဓအုတ်ချိုင့်  မပေါ်လျှင်
အဆင့်၁။  File Menu မှ General ကို ရွေး (သို့မဟုတ်) Keyboard မှ Ctrl နှင့် K နှိပ်။
အဆင့် ၂။ More Button နှိပ်
အဆင့် ၃။ Use typographer's quote တွင် အမှန်ခြစ်ဖြုတ်ပါ။ OK နှိပ်ပါ။ ရပါပြီ။



Microsoft word မှာ ဒဒွေး ဓအုတ်ချိုင့် မရရင်

Microsoft Word မှာ ဒဒွေး ဓအုတ်ချိုင့် မရလို့ ကျွန်တော့မိတ်ဆွေများက ခဏခဏ မေးကြလွန်းလို့ ပြုလုပ်နည်းကို အခု တင်ပြပေးလိုက်ပါတယ်။ မသိလို့ခက်တာပါ။ သိရင်လွယ်ပါတယ်။
အဆင့် 1။Microsoft Office Button ကို နှိပ်၊
အဆင့် 2။  Word Option ကို နှိပ်ပါ။

အဆင့် 3။ Proofing ကိုနှိပ်။
အဆင့် 4။ Auto Correct Options ကို နှိပ်ပါ။


အဆင့် 5။Auto Format As You Type Tab ကို နှိပ်ပါ။
အဆင့် 6။ "Straight quotes" with "smart quotes" ကို နှိပ်ပြီး အမှန်ခြစ်ကို ဖြုတ်ပေးပါ။
အဆင့် 7။ OK ကို နှိပ်။ နောက်ထပ် OK တစ်ခုကို နှိပ်ပါ ရပါပြီ။


မှတ်ချက်။ အထက်ပါ အဆင့် 7။ ကို မပြုလုပ်ခင် Auto Correct Tab ကိုနှိပ်၊ အမှန်ခြစ်အားလုံးကို ဖြုတ်ပေးထားရင် မြန်မာစာရိုက်တဲ့အခါ ပိုပြီးအဆင်ပြေမှာပါ။




Tuesday, January 1, 2013

Happy New Year

ဟက်ပီးနယူးရီးယား သာယာသော၊ မင်္ဂလာရှိသော နှစ်သစ် 2013 ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်နေထိုင်ရာ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကံစွယ်ကျောင်းအတွင်း တွင် ကျင်းပပြုလုပ်ခဲ့သော သီတင်းကျွတ် တာဝတိံသာ မီးထွန်းပွဲတော် အပြီးတွင် မဟာဒုတ်မဲစနစ်ဖြင့် မဲကျရာအိမ်တွင် အပူဇော်ခံထားရှိခြင်းပြုလုပ်သည့် ချမ်းသာကြီး အရှင်မြတ်စွာဘုရားပုံတော်ဖြင့် အနန္တစကြာဝဠာ၊ အနန္တသတ္တဝါအပေါင်း ကျန်းမာချမ်းသာ ဘေးရန်ကင်းကွာစေဖို့ တင်ပေးလိုက်ပါသည်။