Wednesday, April 24, 2013

google myanmar ဂူဂယ်မြန်မာ

www.google.com ဂူဂယ်ထဲကို ၀င်လိုက်တာနဲ့ www.google.com.mm ဂူဂယ်မြန်မာထဲ ကို အလိုလိုရောက်သွားတယ်။ ခက်တာက စာလုံးတွေကို ကောင်းကောင်းဖတ်လို့မရဘူးဖြစ်နေတယ်။ ကျွန်တော်သုံးတဲ့ Browser က firefox ကိုသုံးတာဗျ။ ဒီ fonts ကတော့  zawgyi လည်းမဟုတ်၊ win innwa လည်းမဟုတ်၊ ဒါဆိုရင်တော့ Myanmar3 Unicode ပဲဖြစ်ရတော့မှာပေါ့နော။ ဒါနဲ့ဘဲ firefox menu ထဲကိုဝင် Option ကို နှိပ်ပြီး Default Font ကို Myanmar 3 ရွေးလိုက်တာ အိုကေဘဲပေါ့။ မြန်မာ ဂူဂယ်က မြန်မာလို ပေါ်လာပြီလို့ ၀မ်းသာပြီး ဆက်သုံးတော့ မြန်မာဝက်ဆိုက်တွေ၊ ဘလော့တွေ အတော်များများက Zawgyi font ကို သုံးတော့ခက်ရော၊ ဖတ်မရတော့ဘူးဗျို့၊ ကြိုက်တော့ကြိုက်ပါတယ်၊ ဒါပေမဲ့ အမေဆူမှာစိုးတယ် ဆိုသလိုဘဲ ရှေးမူလည်းမပျက်၊ ရှေးထုံးလည်းမပယ်၊ ဇော်ဂျီက ကလေး ပဲ ကလိုက်ရတော့ပါတယ်၊ ဂူဂယ်မြန်မာ ကိုလည်း မြန်မာလို ပေါ်ချင်တယ်၊ တခြားဝက်ဆိုက်တွေကိုလည်း ဇော်ဂျီနဲ့ ရေးတာကို မြင်ချင်တယ်၊ ဘယ်လိုလုပ်ရမလဲဆိုတာ သိကြပါရင် ပြောကြပါဦးလားဗျာ.... လို့ပဲ :> ။

vfp6.exe ဗိုင်းရပ်စ်ပြသနာ

အရင်နေ့က memory stick ကို ကွန်ပျူတာကနေ ဖြုတ်လိုက်တိုင်း မပြုတ်ချင်ဘဲ vfp6.exe က ပြသနာရှာနေတယ်။ သူနဲ့ညိနေလို့ ဖြုတ်မရဘဲဖြစ်နေတာ။ အဲဒါနဲ့ အင်တာနက်ထဲကို ရှာကြည့်တော့ အဲဒီ vfp6.exe က မိုက်ကရိုဆော့ရဲ့ဟာလိုလို အရောင်ဆောင်နေတာမှန်း သိရတော့တယ်။ မိုက်ကရိုဆော့ရဲ့ ဖောက်စပရို ပရိုဂရမ်းမီး ဆော့ဝဲမဟုတ်ဘဲ Virus ဖြစ်နေတယ်။ ဒါနဲ့ အဲဒီ ဗိုင်းရပ်စ်ကို သမဖို့ Advanced Fix 2012 ဆော့ဝဲလေးကို စိတ်ရှည်ရှည်နဲ့ ဒေါင်းလော့ လုပ်ပြီးတင်လိုက်တယ်၊ အလကားရတယ်မှတ်လို့၊ ပြီးတော့ ပိုက်ဆံတောင်းပါလေရော။ ခက်ပြီပေါ့။ ကိုယ့်စက်မှာ တင်ထားတဲ့ Microsoft Security Essentials နဲ့ ရှင်းတော့လည်း မရ။ ဒါနဲ့ပဲ Task Manager ထဲကိုဝင်၊ Performance ထဲကိုသွား၊ Resource Monitor ကိုနှိပ်၊ Disk Tab ထဲကနေ ကြည့်လိုက်တော့ vfp6.exe သကောင့်သားက အမြစ်တွယ် ကိုက်ဖဲ့စားသုံးနေတာ၊ ဒါနဲ့ပဲ ရရာလက်နက်စွဲကိုင်ပြီးတော့ vfp6.exe ကို Right Click နှိပ်ပြီး End Process Tree လုပ်ပလိုက်တာ .... မှတ်ကရော။ ပြီးတော့ စက်ထဲရှိသမျှ vfp6.exe ကို လိုက်ပြီး Delete လုပ်လိုက်တာ အခုထိတော့ ပေါ်မလာတော့ဘူး ....

Friday, January 4, 2013

ဒဒွေး ဓအုတ်ချိုင့် မပေါ်သော အခြားဆော့ဝဲများတွင် ရှာနည်း

မည်သည့်ဆော့ဝဲတွင်မဆို ဒဒွေး ဒအုတ်ချိုင့် မပေါ်လျှင်
adobe ဆော့ဝဲများတွင် Ctrl+K နှိပ်ပြီး ပေါ်လာသော dialogbox တွင် '   " သင်္ကေံတများပါသော စာကြောင်းတွင် အမှန်ခြစ်ဖြုတ်ပေးပါက ရနိုင်ပါသည်။ အချို့သော ဆော့ဝဲများတွင် မီနူးတစ်ခုခုမှ option တွင် ရှိတတ်ပါသည်။

Page Maker တွင် ဒဒွေး၊ ဓအုတ်ချိုင့် မပေါ်လျှင် ပြုလုပ်နည်း



Page Maker တွင် ဒဒွေး၊ ဓအုတ်ချိုင့်  မပေါ်လျှင်
အဆင့်၁။  File Menu မှ General ကို ရွေး (သို့မဟုတ်) Keyboard မှ Ctrl နှင့် K နှိပ်။
အဆင့် ၂။ More Button နှိပ်
အဆင့် ၃။ Use typographer's quote တွင် အမှန်ခြစ်ဖြုတ်ပါ။ OK နှိပ်ပါ။ ရပါပြီ။



Microsoft word မှာ ဒဒွေး ဓအုတ်ချိုင့် မရရင်

Microsoft Word မှာ ဒဒွေး ဓအုတ်ချိုင့် မရလို့ ကျွန်တော့မိတ်ဆွေများက ခဏခဏ မေးကြလွန်းလို့ ပြုလုပ်နည်းကို အခု တင်ပြပေးလိုက်ပါတယ်။ မသိလို့ခက်တာပါ။ သိရင်လွယ်ပါတယ်။
အဆင့် 1။Microsoft Office Button ကို နှိပ်၊
အဆင့် 2။  Word Option ကို နှိပ်ပါ။

အဆင့် 3။ Proofing ကိုနှိပ်။
အဆင့် 4။ Auto Correct Options ကို နှိပ်ပါ။


အဆင့် 5။Auto Format As You Type Tab ကို နှိပ်ပါ။
အဆင့် 6။ "Straight quotes" with "smart quotes" ကို နှိပ်ပြီး အမှန်ခြစ်ကို ဖြုတ်ပေးပါ။
အဆင့် 7။ OK ကို နှိပ်။ နောက်ထပ် OK တစ်ခုကို နှိပ်ပါ ရပါပြီ။


မှတ်ချက်။ အထက်ပါ အဆင့် 7။ ကို မပြုလုပ်ခင် Auto Correct Tab ကိုနှိပ်၊ အမှန်ခြစ်အားလုံးကို ဖြုတ်ပေးထားရင် မြန်မာစာရိုက်တဲ့အခါ ပိုပြီးအဆင်ပြေမှာပါ။




Tuesday, January 1, 2013

Happy New Year

ဟက်ပီးနယူးရီးယား သာယာသော၊ မင်္ဂလာရှိသော နှစ်သစ် 2013 ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်နေထိုင်ရာ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကံစွယ်ကျောင်းအတွင်း တွင် ကျင်းပပြုလုပ်ခဲ့သော သီတင်းကျွတ် တာဝတိံသာ မီးထွန်းပွဲတော် အပြီးတွင် မဟာဒုတ်မဲစနစ်ဖြင့် မဲကျရာအိမ်တွင် အပူဇော်ခံထားရှိခြင်းပြုလုပ်သည့် ချမ်းသာကြီး အရှင်မြတ်စွာဘုရားပုံတော်ဖြင့် အနန္တစကြာဝဠာ၊ အနန္တသတ္တဝါအပေါင်း ကျန်းမာချမ်းသာ ဘေးရန်ကင်းကွာစေဖို့ တင်ပေးလိုက်ပါသည်။