Wednesday, April 24, 2013
google myanmar ဂူဂယ်မြန်မာ
www.google.com ဂူဂယ်ထဲကို ၀င်လိုက်တာနဲ့ www.google.com.mm ဂူဂယ်မြန်မာထဲ ကို အလိုလိုရောက်သွားတယ်။ ခက်တာက စာလုံးတွေကို ကောင်းကောင်းဖတ်လို့မရဘူးဖြစ်နေတယ်။ ကျွန်တော်သုံးတဲ့ Browser က firefox ကိုသုံးတာဗျ။ ဒီ fonts ကတော့ zawgyi လည်းမဟုတ်၊ win innwa လည်းမဟုတ်၊ ဒါဆိုရင်တော့ Myanmar3 Unicode ပဲဖြစ်ရတော့မှာပေါ့နော။ ဒါနဲ့ဘဲ firefox menu ထဲကိုဝင် Option ကို နှိပ်ပြီး Default Font ကို Myanmar 3 ရွေးလိုက်တာ အိုကေဘဲပေါ့။ မြန်မာ ဂူဂယ်က မြန်မာလို ပေါ်လာပြီလို့ ၀မ်းသာပြီး ဆက်သုံးတော့ မြန်မာဝက်ဆိုက်တွေ၊ ဘလော့တွေ အတော်များများက Zawgyi font ကို သုံးတော့ခက်ရော၊ ဖတ်မရတော့ဘူးဗျို့၊ ကြိုက်တော့ကြိုက်ပါတယ်၊ ဒါပေမဲ့ အမေဆူမှာစိုးတယ် ဆိုသလိုဘဲ ရှေးမူလည်းမပျက်၊ ရှေးထုံးလည်းမပယ်၊ ဇော်ဂျီက ကလေး ပဲ ကလိုက်ရတော့ပါတယ်၊ ဂူဂယ်မြန်မာ ကိုလည်း မြန်မာလို ပေါ်ချင်တယ်၊ တခြားဝက်ဆိုက်တွေကိုလည်း ဇော်ဂျီနဲ့ ရေးတာကို မြင်ချင်တယ်၊ ဘယ်လိုလုပ်ရမလဲဆိုတာ သိကြပါရင် ပြောကြပါဦးလားဗျာ.... လို့ပဲ :> ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment