Wednesday, April 24, 2013

vfp6.exe ဗိုင်းရပ်စ်ပြသနာ

အရင်နေ့က memory stick ကို ကွန်ပျူတာကနေ ဖြုတ်လိုက်တိုင်း မပြုတ်ချင်ဘဲ vfp6.exe က ပြသနာရှာနေတယ်။ သူနဲ့ညိနေလို့ ဖြုတ်မရဘဲဖြစ်နေတာ။ အဲဒါနဲ့ အင်တာနက်ထဲကို ရှာကြည့်တော့ အဲဒီ vfp6.exe က မိုက်ကရိုဆော့ရဲ့ဟာလိုလို အရောင်ဆောင်နေတာမှန်း သိရတော့တယ်။ မိုက်ကရိုဆော့ရဲ့ ဖောက်စပရို ပရိုဂရမ်းမီး ဆော့ဝဲမဟုတ်ဘဲ Virus ဖြစ်နေတယ်။ ဒါနဲ့ အဲဒီ ဗိုင်းရပ်စ်ကို သမဖို့ Advanced Fix 2012 ဆော့ဝဲလေးကို စိတ်ရှည်ရှည်နဲ့ ဒေါင်းလော့ လုပ်ပြီးတင်လိုက်တယ်၊ အလကားရတယ်မှတ်လို့၊ ပြီးတော့ ပိုက်ဆံတောင်းပါလေရော။ ခက်ပြီပေါ့။ ကိုယ့်စက်မှာ တင်ထားတဲ့ Microsoft Security Essentials နဲ့ ရှင်းတော့လည်း မရ။ ဒါနဲ့ပဲ Task Manager ထဲကိုဝင်၊ Performance ထဲကိုသွား၊ Resource Monitor ကိုနှိပ်၊ Disk Tab ထဲကနေ ကြည့်လိုက်တော့ vfp6.exe သကောင့်သားက အမြစ်တွယ် ကိုက်ဖဲ့စားသုံးနေတာ၊ ဒါနဲ့ပဲ ရရာလက်နက်စွဲကိုင်ပြီးတော့ vfp6.exe ကို Right Click နှိပ်ပြီး End Process Tree လုပ်ပလိုက်တာ .... မှတ်ကရော။ ပြီးတော့ စက်ထဲရှိသမျှ vfp6.exe ကို လိုက်ပြီး Delete လုပ်လိုက်တာ အခုထိတော့ ပေါ်မလာတော့ဘူး ....

No comments:

Post a Comment