Wednesday, April 24, 2013

google myanmar ဂူဂယ်မြန်မာ

www.google.com ဂူဂယ်ထဲကို ၀င်လိုက်တာနဲ့ www.google.com.mm ဂူဂယ်မြန်မာထဲ ကို အလိုလိုရောက်သွားတယ်။ ခက်တာက စာလုံးတွေကို ကောင်းကောင်းဖတ်လို့မရဘူးဖြစ်နေတယ်။ ကျွန်တော်သုံးတဲ့ Browser က firefox ကိုသုံးတာဗျ။ ဒီ fonts ကတော့  zawgyi လည်းမဟုတ်၊ win innwa လည်းမဟုတ်၊ ဒါဆိုရင်တော့ Myanmar3 Unicode ပဲဖြစ်ရတော့မှာပေါ့နော။ ဒါနဲ့ဘဲ firefox menu ထဲကိုဝင် Option ကို နှိပ်ပြီး Default Font ကို Myanmar 3 ရွေးလိုက်တာ အိုကေဘဲပေါ့။ မြန်မာ ဂူဂယ်က မြန်မာလို ပေါ်လာပြီလို့ ၀မ်းသာပြီး ဆက်သုံးတော့ မြန်မာဝက်ဆိုက်တွေ၊ ဘလော့တွေ အတော်များများက Zawgyi font ကို သုံးတော့ခက်ရော၊ ဖတ်မရတော့ဘူးဗျို့၊ ကြိုက်တော့ကြိုက်ပါတယ်၊ ဒါပေမဲ့ အမေဆူမှာစိုးတယ် ဆိုသလိုဘဲ ရှေးမူလည်းမပျက်၊ ရှေးထုံးလည်းမပယ်၊ ဇော်ဂျီက ကလေး ပဲ ကလိုက်ရတော့ပါတယ်၊ ဂူဂယ်မြန်မာ ကိုလည်း မြန်မာလို ပေါ်ချင်တယ်၊ တခြားဝက်ဆိုက်တွေကိုလည်း ဇော်ဂျီနဲ့ ရေးတာကို မြင်ချင်တယ်၊ ဘယ်လိုလုပ်ရမလဲဆိုတာ သိကြပါရင် ပြောကြပါဦးလားဗျာ.... လို့ပဲ :> ။

vfp6.exe ဗိုင်းရပ်စ်ပြသနာ

အရင်နေ့က memory stick ကို ကွန်ပျူတာကနေ ဖြုတ်လိုက်တိုင်း မပြုတ်ချင်ဘဲ vfp6.exe က ပြသနာရှာနေတယ်။ သူနဲ့ညိနေလို့ ဖြုတ်မရဘဲဖြစ်နေတာ။ အဲဒါနဲ့ အင်တာနက်ထဲကို ရှာကြည့်တော့ အဲဒီ vfp6.exe က မိုက်ကရိုဆော့ရဲ့ဟာလိုလို အရောင်ဆောင်နေတာမှန်း သိရတော့တယ်။ မိုက်ကရိုဆော့ရဲ့ ဖောက်စပရို ပရိုဂရမ်းမီး ဆော့ဝဲမဟုတ်ဘဲ Virus ဖြစ်နေတယ်။ ဒါနဲ့ အဲဒီ ဗိုင်းရပ်စ်ကို သမဖို့ Advanced Fix 2012 ဆော့ဝဲလေးကို စိတ်ရှည်ရှည်နဲ့ ဒေါင်းလော့ လုပ်ပြီးတင်လိုက်တယ်၊ အလကားရတယ်မှတ်လို့၊ ပြီးတော့ ပိုက်ဆံတောင်းပါလေရော။ ခက်ပြီပေါ့။ ကိုယ့်စက်မှာ တင်ထားတဲ့ Microsoft Security Essentials နဲ့ ရှင်းတော့လည်း မရ။ ဒါနဲ့ပဲ Task Manager ထဲကိုဝင်၊ Performance ထဲကိုသွား၊ Resource Monitor ကိုနှိပ်၊ Disk Tab ထဲကနေ ကြည့်လိုက်တော့ vfp6.exe သကောင့်သားက အမြစ်တွယ် ကိုက်ဖဲ့စားသုံးနေတာ၊ ဒါနဲ့ပဲ ရရာလက်နက်စွဲကိုင်ပြီးတော့ vfp6.exe ကို Right Click နှိပ်ပြီး End Process Tree လုပ်ပလိုက်တာ .... မှတ်ကရော။ ပြီးတော့ စက်ထဲရှိသမျှ vfp6.exe ကို လိုက်ပြီး Delete လုပ်လိုက်တာ အခုထိတော့ ပေါ်မလာတော့ဘူး ....